ACTY SYSTEM MYANMAR CO.,LTD.
Company Profile

Establishment February, 2009
Capital 50,000USD(100% Japanese Investment)
Representative President & CEO - Yamashita Shoji
Address No.37,Room No.(901), 9th Floor, La Pyi Wun Plaza, Alanpya Pagoda Road, Dagon Township, Yangon - 11191
Phone +95-1-370833
Employees 10/group total:264
Service Software development, operation and maintenance
Introduction of various business package systems
1) In-house developed sales management and production management system THOMAS GLOBE
2) ERP / accounting system
3) Warehouse management, warehouse management
4) Fixed asset management
5) Personnel management, attendance management, payroll

In addition, we develop an custom-made system that utilizes an in-house developed framework.
Parents Company ACTY System Co.,Ltd.
Branch Office America, India, China, Thai


About Us

    ဂျပန်အခြေစိုက် IT (Software Development) ကုမ္ပဏီဖြစ်ပါသည်။ ယခုလက်ရှိတွင် ဂျပန်၊ အိန္ဒိယရှိဝန်ထမ်းများဖြင့် ပူးပေါင်း၍ Offshore လုပ်ဆောင်နေပါသည်။ ကမ္ဘာ့အဆင့်အတန်းမီ Developer များသာမက၊ Bridge SE များကိုလည်း မွေးထုတ် ပေးလျက်ရှိပါသည်။ မြန်မာ/ဂျပန်/အင်္ဂလိပ် (၃)ဘာသာဖြင့် မြန်မာနှင့် အိန္ဒိယရှိ Offshore members များမှ Customerများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။ Customerများမှာ ဂျပန်နိုင်ငံရှိထိပ်တန်းလုပ်ငန်းများနှင့် Globalရှိ ဂျပန်ကုမ္ပဏီများဖြစ်ပါသည်။



ACTY System Japan ရုံးချုပ်တွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာ၀န်ထမ်းများ


● မြန်မာမှ ထူးချွန်ဝန်ထမ်းများအတွက် အတွေ့အကြုံကောင်းများ ရရှိစေရန် ကာလတို/ကာလရှည် Japan နိုင်ငံ ACTY System ရုံးချုပ်တွင် သွားရောက် အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အရေးများရှိခြင်း။
● ဂျပန်လူမျိုးများနှင့် တန်းတူ ရင်ဘောင်တန်း၍ အလုပ်အတူတူ လုပ်ကိုင်ခြင်းဖြင့် မိမိ၏ အတွေးအခေါ်များ၊ အတွေ့အကြုံများ၊ အရည်အသွေးများ ပိုမို တိုးတက်ကောင်းမွန်လာနိုင်ခြင်း။


Senior Message

ACTY System Myanmarမှာ တာ၀န်ထမ်းဆောင်နေတာ ၁၀နှစ်ကျော်ရှိပါပြီ၊၊ ဂျပန်၊ အိန္ဒိယရှိ ရုံးခွဲများတွင် သွားရောက်ပြီးလုပ်ကိုင်ခဲ့ပြီး oversea project အတွေ့အကြုံကောင်းများကိုလည်း ရရှိခဲ့ပါတယ်၊၊ ယခုလက်ရှိမှာ မြန်မာရုံးခွဲတွင် Bridge SEအနေဖြင့် Juniorများ၏ skillup နှင့် supporting တာ၀န်များကို ထမ်းဆောင်လျက်ရှိပါတယ်၊၊ မြန်မာရုံးခွဲတွင် ဂျပန်ဘက်မှ projectများကို offshoreအနေနဲ့အဓိကထားပြီး Software Development များကိုလုပ်ဆောင်လျက်ရှိပါတယ်၊၊

Software Development နဲ့ပတ်သက်ပြီး အကျဉ်းချုပ်အနေဖြင့်ပြောရမယ်ဆိုရင် Multifunction Peripheral(printing/scanning/copying) လို့ခေါ်သော Device ကိုမည်သည့်နိုင်ငံ၊ မည့်သည့်နေရာမှမဆို အရောင်းကိုယ်စားလှယ်ကုမ္ပဏီများနှင့် စက်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီမှ Remote Service ပေးနိုင်သော Web app, Web API service, Windows service အစရှိသည့် software များရေးဆွဲခြင်းကို လုပ်ဆောင်လျက်ရှိပါတယ်၊၊ Programming Language အနေဖြင့် C#ကိုအသုံးပြုပြီး .NET, .NET Core, ASP.NET, ASP.NET Coreအစရှိသည့် Framework များကိုအသုံးပြုပြီး ရေးဆွဲလျက်ရှိပါတယ်၊၊

မိမိ၏ IT Skillကိုမြှင့်တင်ပြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သော IT Professionalတစ်ယောက်ဖြစ်လာရန်၊ မိမိကြိုးစားလျှင်ကြိုးစားသည့်အလျောက် အခွင့်အရေးကောင်းများရရှိနိုင်သည့်အတွက် အတူတူကြိုးစားဖို့ ၀န်ထမ်းသစ်များကိုကြိုဆိုဖိတ်ခေါ်ချင်ပါတယ်၊၊

~ နန်းလင်းနန္ဒာမြင့်


အောက်ပါအချက်များနှင့် ကိုက်ညီသော ဝန်ထမ်းများကို ရှာဖွေနေပါသည်၊၊

✓ C#, .Net framework, ASP.Net, .Net Core, MVC framework, SQL Database နှင့် ပတ်သက်ပြီး ကျွမ်းကျင်ပိုင်နိုင်သူ၊၊
✓ အထက်ပါနယ်ပယ်တွင် အနည်းဆုံး 2-3 years experience ရှိသူ၊၊
✓ အချိန်လေးစား၍ Team Work ဖြင့် လုပ်ဆောင်နိုင်သူ၊၊
✓ အနာဂတ်ရည်မှန်းချက် ပန်းတိုင်ချမှတ်၍ မိမိအရည်အသွေးတိုးတက်ရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သူ၊၊
✓ စိတ်ကူးစိတ်သန်းကောင်းပြီး စိန်ခေါ်မှုများကို မကြောက်ရွံ့တတ်သူ၊၊
✓ ပေးအပ်သောတာဝန်များကို Schedule, Timeline နှင့်အညီ ပြည့်စုံစွာ ထမ်းဆောင်နိုင်သူ၊၊
★ လျှောက်လွှာများကိုအောက်ပါ E-mailမှတဆင့် လျှောက်ထားနိုင်ပါသည်၊၊ ဖုန်းဖြင့်လည်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်၊၊
    E-mail: admin@myanmar.acty-sys.com
    Phone: +95-1-370833



အလုပ်ဝင်ခွင့်စာမေးပွဲနှင့် အလုပ်ခန့်အပ်ခြင်း

✓ အလုပ်ဝင်ခွင့်စာမေးပွဲရှိမည်။
✓ စာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေးခြင်းဖြင့် အကဲဖြတ်မည်။
✓ Interview အောင်မြင်သူများကို အစမ်းခန့်ကာလအဖြစ် (၂)လ ခန့်အပ်မည်။
✓ အစမ်းခန့်ကာလ (၂)လအတွင်း လုပ်ငန်းသဘောသဘာဝနှင့် လုပ်ငန်းတွင် နေသားကျပြီး အရည်အချင်း ပြည့်မီသော ဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်သွားမည်ဖြစ်သည်။
★ ကုမ္ပဏီနှင့် ဆက်လက် လက်တွဲလုပ်ကိုင်လိုသော ဝန်ထမ်းများသာ ★